မြစ်သားမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

မြစ်သား  မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အထိမ်းအမှတ်ကြိုဆိုသောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား  ချစ်ကြည်ရေး အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို မတ် ၂၅ ရက် ညနေ ၄ နာရီအချိန်က ရွှေသူဌေးရပ်ကွက်အတွင်းရှိ BOB မိုးလုံလေလုံအားကစားကွင်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်းကစားသမားပြိုင်ပွဲဝင် ၄ သင်းရှိပြီး A အသင်း၊ B အသင်း၊ C အသင်း၊ D အသင်းအားကစားသမား ၄၄ ဦးဖြင့်ကစားကြသည်။ ဆက်လက်၍ ဖွင့်ပွဲပထမပွဲစဉ်အဖြစ် A အသင်းနှင့် B အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ Bအသင်းက ၈ ဂိုး ၄ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပြိုင်ပွဲကိုမတ်လ ၂၅ ရက်မှ ၃၁ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပထမ၊ ဒုတိယ၊ တတိယဆုနှင့်နှစ်သိမ့်ဆုရ အားကစားသမားများကို ပြိုင်ပွဲပြီးတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း (ပြန်/ဆက်)