မှော်ဘီမြို့နယ်၌ အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်နည်းသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်‌ငွေတိုးရေးစီမံကိန်းဖြင့် အခြေခံအိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်နည်းသင်တန်းကို ဇူလိုင်လ (၂၄) ရက်နေ့က မှော်ဘီမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စုတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့သည်။

ကလေးဝမြို့တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပွဲကို ယနေ့မွန်းလွဲပိုင်း ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာတွင် နိုင်ငံတော်မှ မတည်ငွေဖြင့် တည်ဆောက်ဖွင့်လှစ်မည့် စာကြည့်တိုက်အသစ်မြေနေရာအား လိုင်းကျင်းတူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်

မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ငွေဖြင့် စာကြည့်တိုက်အသစ်တည်ဆောက်ဖွင့်လှစ်မည့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊ စာကြည့်တိုက်မြေနေရာအား ယမန်နေ့ကစတင်၍ လိုင်းကျင်းတူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်လျက်ရှိသည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၂၅) အလယ် တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ အနာဂတ်၏မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်လာစေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အ.မ.က (ကဇင်းကြီး) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြင့် ကဗျာရွတ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မင်းဘူး (စကု) မြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရမှ ပေးပို့လှူဒါန်းသည့် သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့၌ ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကာဘော်လစ်ဆပ်ပြာတောင့်များပေးအပ်ပွဲကို ယမန်နေ့နက်ပိုင်းကကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအဖွဲ့များတက်ရောက်သည်။

ထန်းတပင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာများ အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိစိတ်ဓါတ် ရှင်သန်လာစေပြီး သစ်ပင်စိုက်ပျိုးခြင်းများတွင် ပူးပေါင်းပါဝင်လာစေရန်နှင့် သစ်တောသစ်ပင်များအား ချစ်မြတ်နိုးတက်လာစေရန်၊ ရာသီဥတု ပြောင်းလဲမှုကို သိရှိနားလည်စေပြီး သစ်တောသစ်ပင်များ၏အကျိုးကျေးဇူးကို သိရှိနားလည်စေရန်ရည်ရွယ်၍ သစ်တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ထန်းတပင်)၊ လှိုင်ရတနာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အ.ထ.က နတ်တလင်းကျောင်းတွင် ကျင်းပမည်ဖြစ်ရာ အကြိုပြိုင်ပွဲများကို ယမန်နေ့ကကျင်းပခဲ့သည်။
Subscribe to