ကျောင်းကုန်းမြို့ အ.ထ.က(၁)ကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများနှင့် ဂုဏ်ထူးရရှိ အောင်သင်ကြားပေးသော ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ယမန်နေ့က ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နိုင်ငံ့ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ရေးနှင့်အလုပ်တာဝန်များကို စိတ်ပျော်ရွှင်ချမ်းမြေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သာပေါင်းမြို့နယ်၊ လူထုအခြေပြုခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

သာပေါင်းမြို့နယ်၊ လူထုအခြေပြုခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ် သာပေါင်း ဇူလိုင် ၂၆ ဒေါ်လဲ့လဲ့ဝင်း

ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၃) သောင်းကျော် ထုတ်ချေးပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ တောင်သူများ အချိန်မီ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ထုတ်ချေးပေးလျက်ရှိရာ ယနေ့ ဇူလိုင်လ (၂၆) ရက်နေ့အထိ ကျေးရွာအုပ်စု (၃၆) အုပ်စုရှိ တောင်သူ (၂၉၀၈) ဦး၏ စိုက်ဧက (၂၀၄၂၄) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၃၀၆၃၆) သိန်းကို ထုတ်ပေးနိုင်ခဲ့ပြီး ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) တွင် စာဖတ်ရှိန်မြှင့်တင်းရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး အတွက်ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) ၌ ကျင်းပခဲ့သည်။

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အောက် ၂ဒသမ ၅၃ ပေခန့် ကျဆင်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက်၆နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏စိုးရိမ်ရေမှတ်၂၁၅၀ စင်တီမီတာ (၇၀ဒသမ၅၄) ပေအောက် ၂ ဒသမ ၅၃ ပေခန့်ကျဆင်းလျက်ရှိကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

ဟိုင်းကြီးကျွန်းမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ် ဟိုင်းကြီးကျွန်း ဇူလိုင် ၂၆ လှိုင်မျိုးအောင် ဟိုင်းကြီးကျွန်း (ပြန်/ဆက်)

တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ပညာရပ်သင်တန်းဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများမှ စာကြည့်တိုက်မှူးများအား စာကြည့်တိုက်ပညာရပ်သင်တန်း ဖွင့်လှစ်သင်ကြားခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ်၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသနေမှုအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စု၊ ခေတ်အေးကျေးရွာရှိ သုဇနကာရီ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးပရဟိတသာသနာပြုကျောင်း၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ အထူးကုဆရာဝန်ကြီးများဖြင့် ကွင်းဆင်းဆေးကုသနေမှုအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိပညာတိုးပွားစေရေး ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟိုင်းကြီးကျွန်းမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအသိပညာတိုးပွားစေရေး ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ဟိုင်းကြီးကျွန်း ဇူလိုင် ၂၆ လှိုင်မျိုးအောင် ဟိုင်းကြီးကျွန်း (ပြန်/ဆက်)
Subscribe to