ကလေးဝ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပွဲကို ယနေ့မွန်းလွဲပိုင်း ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထောက်ပံ့ငွေကျပ် ၅ သိန်းဖြင့် ရေဘေးသင့်အိမ်ထောင်စု ၁၀၀ မှ အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်နှုန်းဖြင့် ဆန် ၁၀၀ ပြည်အား ထောက်ပံ့ပေးအပ်သည်။
ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရေဘေးသင့်အိမ်ထောင်စုများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)