တနင်္သာရီမြို့နယ်၌ ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ဆန်ဖိုးငွေ၊ ကြက်ဥများနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်

တနင်္သာရီ ဇူလိုင် ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ပထမပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြို့နယ်၏ အန္တရာယ်ရေ အမှတ်ဖြစ်သည့် (၂၄) ပေထက် ကျော်လွန်၍ မြစ်ရေများ အဆက်မပြတ် တိုးနေသဖြင့် ဇူလိုင်လ ၂၅ ရက်မှစပြီး ယာယီကယ်ဆယ်ရေးစခန်းသုံးခုသို့ ပြောင်းရွှေ့နေထိုင်ကြသည့် အိမ်ထောင်စု (၁၁၀)စုတို့မှ လူဦးရေ(၅၂၇)ဦးတို့အား တစ်ဦးလျှင် တစ်ရက်စာအဖြစ် ဆန်နှစ်ဘူးနှုန်းဖြင့် (၇)ရက်စာ အတွက် စုစုပေါင်း (၃၉,၂၇၀၀၀/-)တန်ဖိုးရှိ ဆန်(၂၂)ပြည်ဆံ့ (၄၁)အိတ်နှင့် (၁၈)ပြည်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲပိုင်းက ယာယီကယ်ဆယ်ရေး စခန်းများသို့ သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားပေးကြောင်း သိရသည်။

အလားတူ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက မြစ်ရေကြီးမှုကြောင့် ဇူလိုင်လ ၂၈ ရက်အထိ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ရောက်ရှိနေသည့် ရေဘေးသင့်ပြည်သူ (၉၄၈)ဦးအတွက် လူတစ်ဦးလျှင် ဆန်နှစ်ဘူးနှုန်းဖြင့် (၇)ရက်စာ (၂၁၀၀/-)နှုန်းဖြင့် စုစုပေါင်း (၁၉,၉၀၈၀၀/-) ကျပ်တိတိကို ယနေ့ နံနက်ပိုင်းက ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ထောက်ပံ့ပေးကြောင်း သိရသည်။

အလားတူ အဆိုပါ ကယ်ဆယ်ရေးစခန်းသုံးခု ပြောင်းရွှေ့နေထိုင်ကြသည့် အိမ် ထောင်စု (၁၁၀)စုအား အိမ်ထောင်တစ်စုလျှင် ဆီတစ်ဘူးနှင့် ကြက်ဥ (၆)လုံးနှုန်းဖြင့် ဆီ(၁၁၀)ဘူးနှင့် ကြက်ဥ(၆၆၀)လုံးအတွက် တန်ဖိုးငွေ (၁၀)သိန်းကျပ်ဖိုးတိတိကို ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးအောင်ကိုလတ်ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း  အလားတူ မြို့နယ်ကြက်ခြေနီအသင်းမှ ရေဘေးသင့်အိမ်ထောင်စု (၇၅)စုတို့အား တစ်ကိုယ်ရည်သုံး ပစ္စည်းပုံးကြီး (၇၅)ပုံးနှင့် သောက်ရေပုံးကြီး (၂၂)ပုံးကိုလည်း ထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)