ဝါးခယ်မမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ  ဩဂုတ်  ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းအဆင့်(၃)ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းလုပ်ငန်းအား ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်ဦးစီးမှူးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးတို့၏အနီးကပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများမှ ရပ်ကွက်ကျေးရွာအုပ်စုနေ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ပန်းခင်းအဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးပြီးသူ(၃၉၂၆)ဦး၊ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူပြီးသူ (၅၂၅၈၇)ဦး ဆောင်ရွက်ပေးခဲ့ပြီဖြစ်ရာ ယနေ့တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းအဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းလုပ်ငန်းအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)