ဟင်္သာတမြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာနမှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲကျင်းပ

ဟင်္သာတ သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံမှကြီးမှူးဖွင့်လှစ်သော (၁/၂၀၂၄-၂၀၂၅) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့ရှိ အမှတ် ၂ အလတ်စား စက်ပြင်အလုပ်ရုံ သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသော်ဇင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ကျော်သန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံမှူး ဦးဇော်လွင်ဦးက သင်တန်းတွင် သင်ကြား ပို့ချပေးမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများအား သင်ရိုးမှတ်စု စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများမှ ခင်းကျင်းပြသထားသော စက်မှုလယ်ယာသုံးစက်ပစ္စည်းကိရိယာများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ပြီး အဆိုပါသင်တန်းအား သင်တန်းသား(၅၀)ဦးဖြင့် ၅.၈.၂၀၂၄ ရက်နေ့မှ ၃၀.၈.၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်အကြာ စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်သန်းနှင့် ဝန်ထမ်းများ၊ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးသော်ဇင်မောင်နှင့် ကော်မတီဝင်များ၊ မြို့နယ် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များ၊ အမှတ်(၂)အလတ်စားစက်ပြင် အလုပ်ရုံမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား (၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက် )