ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာ၌ ချောင်းမကြီးချောင်းရေတိုက်စားမှုအန္တရာယ်ကျရောက်နိုင်သည့် လူနေအိမ် (၂)လုံးအတွက်  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့စရိတ် ထောက်ပံ့

ဥတ္တရသီရိ ဩဂုတ် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာ၌ ချောင်းမကြီးချောင်းရေတိုက်စားမှုအန္တရာယ်ကျရောက်နိုင်သည့် လူနေအိမ် (၂)လုံးအတွက်  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့စရိတ်ထောက်ပံ့ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ ဥတ္တရခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သရက်တောကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ လူနေအိမ် (၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုး ၁ သိန်း၊ ပြောင်းရွှေ့အိမ် (၂)လုံးအတွက် ၂ သိန်းနှင့် ဆန်ရိက္ခာဖိုးတစ်ဦးလျှင်၂၁၀၀ ကျပ်နှုန်းဖြင့် လူဦးရေ (၉)ဦးအတွက် ၁၈၉၀၀ ကျပ်၊ စုစုပေါင်း ၂၁၈၉၀၀ ကျပ်အား သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)