ခိုလမ်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဟိုင်းလိုက်)ကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

ခိုလမ် ဩဂုတ် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုင်းလိုက်) ကျောင်းတွင် ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ စာအုပ်၊ စာစောင်များ ငှားရမ်းပေးရာတွင် ကျောင်းသား/ကျောင်းသူများ  မိမိတို့၏ ကိုယ်ပိုင်အားလပ်ချိန်များတွင် အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးမြင့်မားလာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်ရှိန်တိုးတက်မြှင့်မားရေး၊ ပြင်ပ ဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများကို အဆင်ပြေပြေ လေ့လာဖတ်ရှုနိုင်​ရေးနှင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံသားကောင်းလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသ စာအုပ်များကို အခမဲ့သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)