ပြင်ဦးလွင် ဩဂုတ် ၇
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်ပွဲကို ဩဂုတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်မှ အဖွင့်အမှာစကားပြောကြားပြီး အလှုရှင်များက ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာငါးဆယ်နှင့် စားသောက်ဖွယ် ရာများကို တပ်နယ်မှ တာဝန်ရှိသူထံသို့ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အလှုရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး ကျေးဇူးတင် စကားပြောကြားခဲ့သည်။ အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)