မိုင်းခတ် ဩဂုတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်ရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့ညနေပိုင်းက ဝမ်ခုတ်ကျေးရွာအုပ်စု၊ နမ့်လွေစာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းနွယ်နီအောင်က ကျေးရွာစာကြည့်တိုက်များ အမြဲတမ်းရှင်သန်ခိုင်မာရေးထိန်းသိမ်းစောင့်ရှောက်သွားကြရန်၊ ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် ဗဟုသုတတိုးပွားရေးအတွက် စာကြည့်တိုက်ရှိ စာအုပ်စာပေများလာရောက်လေ့လာဖတ်ရှုကြရန်၊ စာကြည့်တိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စာကြည့်တိုက်အတွင်း လေဝင်လေထွက်ကောင်းမွန်စေရန် ပြတင်းတံခါးများဖွင့်ထားရေး၊ စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရေးပြောကြားပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်/စာစောင်ပေးအပ်လှူဒါန်းပွဲမှ လက်ခံရရှိသည့် စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းရာ ကျေးရွာသူကြီးဦးနန်ဖျာအင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)