ကျောက်တန်းမြို့နယ်၊ ဝဲကြီးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သိုးမွှေးချည်ထိုးနည်းသင်တန်းဖွင့်ပွဲကျင်းပ

ကျောက်တန်း သြဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သိုးမွှေးချည်ထိုးနည်းသင်တန်းဖွင့်ပွဲကို ဝဲကြီးကျေးရွာ စုပေါင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းဆင်းပွဲအား ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်မှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ သင်တန်းနည်းပြမှ သင်တန်းစည်းမျဥ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ ကျေးရွာရပ်မိရပ်ဖများက သင်တန်း၏အကျိုးသက်ရောက်မှုများ၊ မိမိတို့ကျေးရွာအား အခုလို လာရောက်သင်တန်းပို့ချပေးသည့်အတွက် ကျေးဇူးတင်ရှိပါ‌ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ (၁)လတိတိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)