ဇမ္ဗူသီရိ ဩဂုတ် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မြို့တော်ခန်းမရှေ့ရှိ ပျဉ်းမနား - တောင်ညိုကားလမ်းမ၌ ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ခုတင်-၁၀၀ ဆေးရုံကို MNDAA အကြမ်းဖက်အဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဆေးရုံမှ ဆရာဝန်၊ သူနာပြု၊ ဆေးကုသမှုခံယူနေရသည့် အမျိုးသမီးကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူပေါင်း (၁၀၀) ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ လူမဆန်သော ရက်စက်ယုတ်မာမှုအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲအား ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ကွက်ရှုတ်ချပွဲအခမ်းအနားတွင် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ပြည်သူတစ်ဦးက အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်များနှင့် ပတ်သက်၍ လုံးဝဆန့်ကျင်ကွန့်ကွက်ကြောင်း ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါကန့်ကွက်ရှုတ်ချပွဲသို့ အကြမ်းဖက်လုပ်ရပ်များကို မလိုလားသော ပြည်သူများနှင့် သံဃာတော်များ စုစုပေါင်း ၈၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကိုအောင်(ဇမ္ဗူသီရိ)