ဆီဆိုင် ဩဂုတ် ၉
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များသည် ဆီဆိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ဩဂုတ်လ ၇ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံအားပေးခဲ့သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး တာဝန်ရှိသူများက အခက်အခဲများကိုတင်ပြကြရန် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့်တာဝန်ရှိများက ဆီဆိုင်မြို့ပေါ်ရှိ ရပ်ကွက်များမှ ဒေသခံပြည်သူများ မြေငှားဂရန် သစ်ခွင့်ပြုပေးနိုင်ရေးအတွက် မြေငှားဂရန်သစ်လျှောက်ထားသည့်နေရာများအား သွားရောက်ကြည့်ရှု စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)