၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

တိုက်ကြီး ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်ပေးအပ်သော  ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား (ခရိုင်အဆင့်)မှကိုယ်စား ဂုဏ်ပြုဆုချီးမြှင့်‌ပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ပညာရတနာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အမြင့်ဆုံးကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ၅ ဘာသာဂုဏ်ထူးရှင် (၂)ဦး၊ ၄ဘာသာ ဂုဏ်ထူးရှင် (၇)ဦး၊ ၃ဘာသာ ဂုဏ်ထူး ရှင် (၁၀) ဦး၊ ၂ဘာသာဂုဏ်ထူးရှင်(၄၀)ဦးနှင့်၁ဘာသာဂုဏ်ထူးရှင်(၅၉)ဦး စုစုပေါင်း (၁၁၈) ဦးတို့ အား ခရိုင်ပညာရေးမှူး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် မြို့နယ်ပညာ‌ရေးမှူး ဦးဌေးဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်‌ပေးအပ်သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာ‌ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအုပ်ဆရာ ဆရာမကြီးများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် မိဘများတက်ရောက်ကြကြောင်းသိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)