သာပေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မကျည်းကုန်းကျေးရွာအုပ်စုတွင် ဆက်လက်ထုတ်ချေးပေးခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၌ တောင်ငူခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ၂၀၂၄ ခုနှစ် မိုးစပါးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ၂၀၂၄ ခုနှစ် မိုးစပါးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများရရှိစေရန်အတွက် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံထူးချွန်သော ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့(ဂ)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့တွင် ပြည်သူ့စာကြည့်တိုက်သို့ အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုသည့် ကျောင်းသား၊ ကျောင်းသူများ များပြား

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဖွင့်လှစ်ထားသည့် လူထုအခြေပြုဗဟိုဌာန(Community Centre) ရှိ ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာပေလေ့လာဖတ်ရှုသူများ တစ်နေ့ထက် တစ်နေ့ ပိုများလာကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော Mpox(မျောက်ကျောက်)ရောဂါအကြောင်း အသိပညာပေးဆွေးနွေးကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ကုသရေးဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုပေးပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ဩဂုတ်(၂၃)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင်  (ချောင်းဆုံ)အခြေခံပညာ အထက်တန်းကျောင်း၌ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေးနှင့် ပြင်ပစာပေဗဟုသုတကြွယ်ဝစေရေး လူငယ်စကားဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်ပိုမိုမြင့်မားစေရေးနှင့် ပြင်ပစာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့က မြဝတီမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အလုံမြို့နယ်၌  ၂၀၂၄ ခုနှစ်၊  အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဆောင်ရွက်

၂၀၂၄ ခုနှစ်၊  အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးသမဝါယမဦးစီးမှူးနှင့် ကြံခင်းမြို့နယ်နေကြာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမဦးစီးမှူးနှင့် ကြံခင်းမြို့နယ်နေကြာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to