နတ်မောက်မြို့တွင် ပြည်သူ့စာကြည့်တိုက်သို့ အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုသည့် ကျောင်းသား၊ ကျောင်းသူများ များပြား

နတ်မောက် ဩဂုတ်၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဖွင့်လှစ်ထားသည့် လူထုအခြေပြုဗဟိုဌာန(Community Centre) ရှိ ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာပေလေ့လာဖတ်ရှုသူများ တစ်နေ့ထက် တစ်နေ့ ပိုများလာကြောင်း သိရသည်။

ကျောင်းသား/သူများမှ နေ့လယ် ကျောင်းဆင်းချိန်နှင့် ညနေကျောင်းဆင်းချိန်တို့၌ စာကြည့်တိုက်သို့ စာအုပ်/စာစောင်များ ငှားရမ်းဖတ်ရှုကြပြီး စာကြည့်တိုက်တွင် ကလေးအကြိုက် ရုပ်ပြကာတွန်း၊ ပုံပြင်၊ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး၊ ကဗျာ စသည့် စာအုပ်စာစောင်များအား ဖတ်ရှုခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြုလုပ်ပေးသည့် ကလေးအကြိုက် ပြိုင်ပွဲအစီအစဉ်များ ပြုလုပ်ပေးကာ အမှတ်တရဆုလက်ဆောင်များ ချီးမြှင့်ပေးကြောင်း သိရသည်။ ကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်းအပြင် စာကြည့်တိုက်ကို ဗဟုသုတရှာဖွေရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားကြောင်း၊ ကလေးစာဖတ်ခန်းအတွင်း ကလေးအကြိုက် ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်းနှင့် စာဖတ်စွမ်းရည် စသည်တို့ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများက ပြိုင်ပွဲများအား ပြုလုပ်ပေးကြကြောင်း သိရသည်။

လှဝင်း