ရန်ကုန်တိုင်းဒေသကြီး(သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင်)တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး(သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်)ခရိုင်တို့၏ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက ရန်ကင်းမြို့နယ် ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။