ကော့သောင်းမြို့တွင် ဥပဒေအသိပညာပေးသင်တန်းအမှတ်စဉ် (၂/၂၀၂၄)ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊   ကော့သောင်းခရိုင်၊  ကော့သောင်းမြို့တွင် တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့်ပညာရေး ဌာနတို့ပူးပေါင်းဆောင်ရွက်သည့် ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက  ကော့သောင်းမြို့၊   မဉ္ဇူသက ခန်းမတွင်  ပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဥပဒေချုပ်၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်ဥပဒေရုံးမှတာဝန်ရှိသူများ၊ သင်တန်းသားကျောင်းသူ ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြသည်။

မြန်အောင်တွင်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများ၊ သင်ကြားပေးသောဆရာဆရာမများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများ၊ သင်ကြားပေးသော ဆရာဆရာမများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အောင်ဇေယျ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်းဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျာင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ အားကစားရုံ၌ ကျင်းပကြောင်း သိရသည်။

ဖျာပုံမြို့၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ၌ လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်ဓာတ်အား သွယ်တန်းနေမှုများ၊ နှစ်ထပ်ဈေးနှင့် ဗဟိုဈေးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မည့်လုပ်ငန်းများ ၊ ဝန်ထမ်းများ ပြန်လည်နေထိုင်နိုင်ရေးအတွက် စုပေါင်းဝန်ထမ်းအိမ်ရာပြင်ဆင်နေမှုများနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေး သတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်တိုက်ကျွေးရေး၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့ သူနာပြုနှင့် သားဖွားသူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ကလောချောင်းရေလျှံမှုဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ယနေ့နံနက် ၆ နာရီက ကလောချောင်းရေလျှံမှုဖြစ်ပွားကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘောဂသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၈၃၁၊ ၈၃၂၊ ၈၃၈၊ ၈၃၉၊ ၈၄၀ တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ဖိုး‌ပေါက်စုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရွှေလှေကျေးရွာအုပ်စု၊ ဖိုးပေါက်စုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး၀န်ကြီးချုပ် လှည့်လည်ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်း၊ လေယာဉ်ကွင်းအဟောင်းအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဉ်ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက စတင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to