အလုံ သြဂုတ် ၂၄
၂၀၂၄ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအနေဖြင့် စောရန်ပိုင်တောင်ရပ်ကွက်ရှိ လင်းရောင်နီမူကြိုကျောင်း၊ ဌာနာရပ်ကွက်ရှိ Starry Garden မူကြိုကျောင်း၊ ဆင်မင်းရပ်ကွက်ရှိ Best Choice မူကြိုကျောင်းနှင့် Vertex မူကြိုကျောင်းများသို့ ကွင်းဆင်းပြီး ၅ နှစ်အောက်ကလေး (၁၇၆)ဦးအား ဗီတာမင်အေတိုက်ကျွေးခြင်း၊ ဦးစီးအရာရှိ(သွားကျန်းမာ) ဒေါက်တာမေသီရိမှ Early Childhood Caries Prevention အတွက် မူကြိုဆရာမများအား ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ဆက်)