၂၀၂၄ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု တန်ဖိုးသင့်အာဟာရ ချက်ပြုတ်ပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု တန်ဖိုးသင့် အာဟာရချက်ပြုတ်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကဒေါ်မမ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်မီမီစိုးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကျွန်းလှမြို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်  သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာကြည့်တိုက်များ ပြင်ဆင်ဆောက်လုပ်မှုအခြေနေပေါ် သုံးသပ်ခြင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာကြည့်တိုက်များ ပြင်ဆင်ဆောက်လုပ်မှုအခြေနေပေါ် သုံးသပ်ခြင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်‌တင်ရေး စာဖတ်ဝိုင်း‌ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ကျင်းပခဲ့သည်။

သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာနေခြည်ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းတွင် ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းစံမြို့ မိုင်းရှူး - မိုင်းစံ- ကာလိ ကားလမ်းမကြီးတောင်‌မြေပြိုကျမှုဖြစ်ပွား

ရှမ်းပြည်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မိုင်းရှူး- မိုင်းစံ - ကာလိသွားကားလမ်းမ မိုင်တိုင်အမှတ်(၆၆)ကီလိုမီတာအနီး ကားလမ်းမကြီးပေါ်တွင် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်ခန့်က တောင်မြေပြိုကျမှုကြောင့် ကားလမ်းများပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

မိုင်းယောင်းမြို့တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် အမျိုးသမီးဖူဆယ်ပြိုင်ပွဲဖွင့်ပွဲကို ဩဂုတ်လ ၂၂ ရက်နေ့  ညနေ ၃ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံ့စီးပွားမြှင်တင်‌ရေးရံပုံငွေဖြင့် ဆောင်ရွက်သည့် ဆီထွက်သီးနှံ(မိုးမြေပဲ) စီမံကိန်းသွင်းအားစုလုပ်ငန်းရှင်များကို သွင်းအားစုပစ္စည်းဖိုးငွေပေးချေပွဲ ကျင်းပ

နိုင်ငံတော်အစိုးရက စားသုံးဆီဖူလုံစေရေးအတွက် နိုင်ငံ့စီးပွားမြှင်တင်ရေးရံပုံငွေဖြင့် ဆောင်ရွက်သည့် ဆီထွက်သီးနှံ(မိုးမြေပဲ) စီမံကိန်းသွင်းအားစုလုပ်ငန်းရှင်များအား သွင်းအားစုပစ္စည်းဖိုးငွေ ပေးချေပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
Subscribe to