မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာမှ တောင်သူများ သိုးမွေးမြူခြင်းဖြင့် လုပ်ငန်းများအဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှ ဒေသခံတောင်သူများသည် သိုးများမွေးမြူထားခြင်းဖြင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ကာ အဆင်ပြေလျက်ရှိကြကြောင်း ရွာသာကျေးရွာ သိုးမွေးမြူသည့် တောင်သူများထံမှ သိရသည်။

တာမွေမြို့နယ်၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း အများပြည်သူများသို့ ဝန်ဆောင်မှုပေးလျက်ရှိသည့် ဌာနဆိုင်ရာများအနေဖြင့် အဂတိလိုက်စားမှု လျော့နည်းပပျောက် စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်း ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၆၄ ရပ်ကွက် ပြည်ထောင်စုလမ်းတွင် ပြည်သူများနှင့် ယာဉ်များ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး အရှည် ၂၄၀၀ ပေ၊ အကျယ် ၄၈ပေ၊ ထု ၁ ပေ ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဟာဂန္ဓာရုံကျောင်းတိုက်တွင် နွမ်းပါးသူများကို ဆန်နှင့် ငွေသားများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် ( မြောက်ပိုင်း ) မြို့နယ်၊ အမှတ် ( ၄၂)  ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ယမန်နေ့မွန်းလွဲ (၁) နာရီက မဟာဂန္ဓာရုံဆရာတော်အမှူးပြု၍ ကိုးရီးယားဗုဒ္ဓဘာသာအဖွဲ့က နွမ်းပါးပြည်သူ  (၅၀၀) ဦးအား ဆန်နှင့် ငွေသားများကို အဋ္ဌမအကြိမ်မြောက် လှူဒါန်းခဲ့‌ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် အမတော်မမြစိမ်းနန်းဆောင်သစ် ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တွင် သာသနာပြု အမတော်မမြစိမ်း၏ နန်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံတားမြို့နယ်တွင် “ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ကျောင်းပေါင်းစုံပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပသော “ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကုန်စျေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်သူများစျေး နှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အရှေ့ဘက် ကျွန်းရွှေဝါလမ်းဘေး၌ ရောင်းချပေးလျက်ရှိသည်။

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာလုပ်ငန်း ဆပ်​ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအုတ်တွင်းမြို့၌ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးဆိုင်ရာလုပ်ငန်းဆပ်​ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဌာနဆိုင်ရာများ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ အုတ်တွင်းမြို့၌ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ဌာနဆိုင်ရာများ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပသည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
Subscribe to