အုတ်တွင်း သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးဆိုင်ရာလုပ်ငန်းဆပ်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီရွှေက အဆိုးရွားဆုံးပုံစုံဖြင့်ခိုင်းစေခံရသော ကလေးအလုပ်သမားဆိုင်ရာသိကောင်းစရာများ၊ ကလေးအလုပ်သမားအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ ကော်မတီ၏အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းအကြံပြုကြပြီ အစည်းအဝေးကိုရုတ်သိမ်းလိုက်ကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)