မင်းဘူး(စကု)မြို့နယ် ရွာသာကျေးရွာမှ တောင်သူများ သိုးမွေးမြူခြင်းဖြင့် လုပ်ငန်းများအဆင်ပြေ

မင်းဘူး ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှ ဒေသခံတောင်သူများသည် သိုးများမွေးမြူထားခြင်းဖြင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ကာ အဆင်ပြေလျက်ရှိကြကြောင်း ရွာသာကျေးရွာ သိုးမွေးမြူသည့် တောင်သူများထံမှ သိရသည်။

ရွာသာကျေးရွာမှ တောင်သူများသည် သိုးများကို လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူကြပြီး အစာဖိုးကုန်ကျစရိတ်သက်သာကာ မွေးမြူရာတွင်လည်း ခြံခတ်၍ စနစ်တကျမွေးမြူနိုင်သဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြသည်။ သိုးများသည် ဆိတ်များကဲ့သို့ တစ်နှစ်လျှင် နှစ်သားတစ်ဗိုက် မွေးမြူကြပြီး၊ တစ်ကြိမ်ပေါက်လျှင် အနည်းဆုံး နှစ်ကောင်ပေါက်ဖွားလေ့ရှိပြီး အကျိုးဖြစ်ထွန်းပါက လေးကောင်အထိ ပေါက်ဖွားကြသည်။

မင်းဘူး(စကု)မြို့နယ်သည် တိရစ္ဆာန် အစာရေစာပေါများသည့်အတွက် လွှတ်ကျောင်းခြင်းစနစ်ဖြင့် မွေးမြူကြသည်။ သိုးများကိုမွေးမြူပါက သိုးတစ်ကောင်လျှင် ငွေကျပ် (၆) သိန်းခန့်ဖြင့် ရောင်းချရပြီး အသားဈေးနှုန်းအနေဖြင့် တစ်ပိဿာကို ငွေကျပ် ၁၅၀၀၀ မှ ၁၈၀၀၀ ဈေးအထိ ရောင်းချရသည်။ ဒါ့ကြောင့် ကျွန်တော်တို့ ကျေးလက်နေတောင်သူတွေအတွက် စိုက်ပျိုးရေးလုပ်ငန်းနဲ့ တွဲဖက်ပြီး တစ်နိုင်တစ်ပိုင် မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေကြကြောင်း  သိုးမွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သည့် ရွာသာကျေးရွာ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ဇေယျာထက်(မင်းဘူး)