အုတ်တွင်း သြဂုတ်လ ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ဌာနဆိုင်ရာများ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦသီဟထွန်းက စိုက်ပျိူးရေး၊မွေးမြူ ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်၊ စားသုံးဆီမျာအားစနစ်တကျ ဖြန့်ဝေရောင်းချနိုင်ရန်၊ မြို့သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ကြရန်၊ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဗဟုသုတမျှဝေပေးရန်၊ သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးတင်ယုကမြို့နယ်အေး ချမ်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးအတွက် အဘက်ဘက်မှမျက်ခြည်မပြတ်တာဝန်သိစွာ ပြည်သူ့အကျိုးရှေးရှု၍ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြား၍ ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အုတ်တွင်း (ပြန်/ဆက်)