ဒဂုံတောင် ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၆၄ ရပ်ကွက် ပြည်ထောင်စုလမ်းတွင် ပြည်သူများနှင့် ယာဉ်များ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး အရှည် ၂၄၀၀ ပေ၊ အကျယ် ၄၈ပေ၊ ထု ၁ ပေ ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွန်ကရစ်လမ်းခင်းကျင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာသို့ ယနေ့ နံနက် ၇ နာရီမိနစ် ၃၀ က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒဂုံမြို့သစ်ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လုပ်ငန်းများသတ်မှတ်စံချိန်၊ စံညွှန်းပြည့်မီရေး လာရောက်စစ်ဆေးကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။
နေမျိုးအောင်