ကန့်ဘလူမြို့နယ်၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကန့်ဘလူ ဩဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကုန်စျေးနှုန်း တည်ငြိမ်ရေးနှင့် ပြည်သူများစျေး နှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အရှေ့ဘက် ကျွန်းရွှေဝါလမ်းဘေး၌ ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆီကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်ပြည် ကျပ် ၂၅၀၀ နှုန်း၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၇၀၀ နှုန်း၊ စားသုံးဆီ ၅၀ ကျပ်သားလျှင် ကျပ် ၃၄၅၀ နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဝယ်ယူသူများ စည်ကားလျက်ရှိပြီး ကျန်ရပ်ကွက်များတွင်လည်း ရောင်းချပေးလျက်ရှိကြောင်းနှင့် အဆိုပါ စားသောက်ကုန်များ ရောင်းချပေးခြင်းကို အပတ်စဥ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဥ်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)