ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိသားစုနေ့စဉ် ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးရေးလုပ်ငန်း အားထားလုပ်ကိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး နေ့စဉ်မိသားစုဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။ 

ထားဝယ်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ဖြစ်စေရန်အတွက် ထားဝယ်ခရိုင် လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၄)အခြေခံပညာထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ပျဉ်းမနားမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့က မကွေးတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မင်းလှမြို့နယ်တွင် အိုင်အိုဒင်းဆားသုံးစွဲရေးရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ အိုင်အိုဒင်းဆားသုံးစွဲရေးရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ဇေယျာသီရိဈေးတွင် အိုင်အိုဒင်းဆား ရောင်းချခြင်း၊ ဝယ်ယူစားသုံးခြင်းရှိ/ မရှိ စျေးဆိုင်များအားစစ်ဆေးခြင်း အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက် (၈) နာရီက ဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဥယျာဉ်ရပ်ကွက်ရှိ အဆိုပါကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ မူလတန်းကျောင်းသား/ သူလေးများက ထာဝရမြန်မာတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ကြသည်။

ရတနာပုံတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအကြောင်း သိကောင်းစရာများ (ဒုတိယအကြိမ်) ပို့ချ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၌ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အမျိုးသားရေးသွင်ပြင်များကို ထိန်းသိမ်းမှတ်သားလိုက်နာတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအကြောင်း သိကောင်းစရာများ (ဒုတိယအကြိမ်) ပို့ချချက်ကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ဘာသာရပ်အသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၇၈၀) ဦး တက်ရောက်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်​ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်၊ စာ​စောင်များ ငှားရမ်း​ပေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် စာဖတ်ရှိန်မြှင့်တင်​ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်​ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို အ-ထ-က (မိုင်းဖြတ်)​ ကျောင်း၌ ကွင်းဆင်း​ဆောင်ရွက်ခဲ့သည်။

ရတနာပုံတက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ချေလျှော့ချရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ချေလျှော့ချရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အစည်းအဝေးခန်းမ(၂) ၌ ကျင်းပပြုလုပ်သည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်နှင့် လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ စွန့်စားမှုဆီသို့ခြေတစ်လှမ်းစာအုပ်အား ယနေ့နံနက်(၁၀)နာရီအချိန်က သံ‌တောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to