ချမ်းမြသာစည် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတ တိုးတက်စေရန် ဗလငါးတန်နှင့် ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ကျောင်းသား/သူများအနေဖြင့် ကျောင်းစာကြည့်တိုက်များကို အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား/သူများ စာပေဗဟုသုတ ရရှိစေရန် အတွက် သုတ/ရသ စာအုပ် (၁၅၂) အုပ်ကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့