ကလေး ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ဘိုးဘွားရိပ်သာတွင် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များအဖွဲ့က ကျန်းမာရေးစစ်ဆေးစမ်းသပ်ကုသပေးခြင်းကို ဩဂုတ်လ ၂၇ ရက်နေ့က အဆိုပါရိပ်သာ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကလေးမြို့ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များက စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးများတိုက်ကျွေးရန် လမ်းညွှန်မှုပေးခြင်း၊ ဆေးရုံဆေးခန်းများသို့ လွှဲပြောင်းကုသရန်လိုအပ်သော အဘိုးအဘွားများကို ပို့ဆောင်ကုသနိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။
ကလေးမြို့ဘိုးဘွားရိပ်သာမှ အမှုဆောင်အဖွဲ့များနှင့် အကူသူနာပြုအကူများမှ ဆရာဝန်များ၏ လမ်းညွှန်ချက်နဲ့အညီ အဘိုးအဘွားများအား ကျန်းမာရေးနှင့် နေထိုင်စားသောက်ရေးတို့အတွက် စောင့်ရှောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)