ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှယနေ့ နံနက်(၉:၀၀)အချိန်က အ.မ.က(လွန်)ဒေါင်းမြတ်နားနှင့် အ.မ.က(ရွှေညီနောင်)သို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းအသိပညာ‌ပေး (Talk Show)ဆွေးနွေး

မိုးနဲမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းအသိပညာ‌ပေး (Talk Show)ဆွေးနွေး မိုးနဲ စက်တင်ဘာ ၃ မြို့နယ်(ပြန်/ဆက်)

သရက်မြို့၌ ရေချိုရှားပါးမှု အသိပညာပေး Talk Show ဆောင်ရွက်

သရက်မြို့၌ ရေချိုရှားပါးမှု အသိပညာပေး Talk Show ဆောင်ရွက် သရက် စက်တင်ဘာ ၃ ဇော်ဝမ်းထွန်း(အောင်လံ)

ရွှေတောင်မြို့နယ် အ.မ.က(မင်းတဲကျွန်း)၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က(မင်းတဲကျွန်း)တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီပါဌာနဆိုင်ရာများပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

သထုံမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးနဲမြို့နယ် မြို့ရေပေးဝေရေး နောင်တုံကန်သဘာဝရေထွက်တွင် သန့်ရှင်းရေး ဆောင်ရွက်

မိုးနဲမြို့နယ် မြို့ရေပေးဝေရေး နောင်တုံကန်သဘာဝရေထွက်တွင် သန့်ရှင်းရေး ဆောင်ရွက် မိုးနဲ စက်တင်ဘာ ၃ မြို့နယ်(ပြန်/ဆက်)

အမ်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု အထူးနည်းပြသင်တန်းနှင့် ခရိုင်နည်းပြသင်တန်းကို Online မှတဆင့် သင်ကြားပို့ချ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှု အထူးနည်းပြသင်တန်းနှင့် ခရိုင်နည်းပြသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်၍ Online မှတဆင့်  သင်တန်းသားများအား သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် တောင်သူများ၏ လယ်ယာထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် အကျိုးပြုမည့်ကျေးလက်ကုန်ထုတ်လမ်း(၃)လမ်း အကောင်အထည်ဖော်ဆောင်ရွက်

ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများလွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များအလွယ်တကူသွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်း(၃)လမ်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to