ဖျာပုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်လှစ်

ဖျာပုံ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသော လုပ်ငန်းစဥ်ဖြစ်ရာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ဖျာပုံမြို့ အ.ထ.က - ၁ ကျောင်း ရာပြည့် ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲတွင် ဖျာပုံခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးက လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား​ပြီး ၊သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့်Tablet နှင့် ဆက်စပ်ပစ္စည်းများအားဖျာပုံခရိုင် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအေးကြိုင်၊ ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးပေးအပ်ကြရာ ဖျာပုံခရိုင် (၄)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ များက လက်ခံရယူကြသည်။ အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းခရိုင်အဆင့် နည်းပြသင်တန်းသို့ ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၅၄)ဦးကို နည်းပြဆရာ(၃)ဦးမှ ( ၃ -၉ -၂၀၂၄)မှ (၁၄ - ၉ -၂၀၂၄)ရက်နေ့ အထိ  စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)