ရမည်းသင်း စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ကျေးလက်နေ မိသားစုဝင်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် သီးနှံ အခြေခံတန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ရမည်းသင်းမြို့နယ်၊ မကျီးကုန်းတောင်ရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ရမည်းသင်းခရိုင် အသေးစားစက် မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်က နိုင်ငံ တော်က နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်စေရန် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန် အားပေးဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကို အခြေခံ၍ ဒေသတစ်ခုထွက်ကုန် တစ်ခုကို တန်းဖိုးမြှင့်ထုတ်လုပ်နိုင်ရေး အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဖော်ဆောင်ကာ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေး ကျေးလက်ပြည်သူများ ဝင်ငွေတိုးပွားရေး၊ ဒေသထွက်ကုန်ကို အခြေခံကာ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်စေရေး နည်းပညာပေးသင်တန်းများ ဖွင့်လှစ်သင်ကြားကာ နိုင်ငံတော်ဖွံဖြိုးတိုးတက်စေရန် သင်တန်းသား၊ သင်တန်းသူများမှ တစ်ဖက်တစ်လမ်းက စွမ်းဆောင်ပေးကြရန်နှင့် လူမှုစီးပွားပြည့်စုံရေး အခြေခံစားသောက်ကုန်မှ အဆင့်မြှင့်စားသောက်ကုန်ထုတ်လုပ်ကာ ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် မိသားစုအပိုဝင်ငွေများ ရရှိစေရန် တစ်နိုင်တစ်ပိုင် အစပြုပြီး အရည်အသွေး ကောင်းမွန်သော ကုန်ပစ္စည်းများ ပေါ်ထွက်လာရေး၊ အသေးစားလုပ်ငန်းများ ထူထောင်လာနိုင်ပြီး ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများအား အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော ထုတ်ကုန်ထုတ်လုပ်နိုင်ရန်၊ သွင်းကုန်အစားထိုး စားသောက်ကုန်များကို ထုတ်လုပ်၍ ဈေးကွက်တွင် ထိုးဖောက်ရောင်းချနိုင်ရေးနှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်ခြင်း နည်းပညာဖြန့်ဝေခြင်းဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ မြှင့်တင်နိုင်ကာ ပြည်သူများ အလုပ်အကိုင်များ ရရှိစေရန်နှင့် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်ရေးကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက သင်တန်းဆင်း လက်မှတ်ပေးအပ်ရာ သင်တန်းသူများကိုယ်စား ဒေါ်မြင်ကြည်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ သီနှံတန်းဖိုးမြှင့်စားသောက်ကုန်ထုတ် နည်းပညာသင်တန်းတွင် ကျေးရွာမှထွက်ရှိသည့် မကျီးယိုး၊ မကျီးအနစ်၊ ဇီးယို၊ မကျီးဖျော်ရည်နှင့် မကျီးတော်ဖီ စသည့်တို့ကို တန်းဖိုးမြှင့် ထုတ်လုပ်နည်းများကို စာတွေ့၊လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)