ဒိုက်ဦးမြို့နယ်၌ ပန်းခင်းစီမံချက် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းများဆောင်ရွက်

ဒိုက်ဦး စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃) အုပ်စုတို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒိုက်ဦးမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးစောထွန်းဖြူနှင့်ဝန်ထမ်းများသည် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက် (၃) အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက် (၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းကို ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခါတွင် ၃ (က) ၁၂၅၉ ဦး၊ ၆ (က) ၂၃၇၉ ဦး ပြီစီးခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် ၅၃.၉၅ ရှိကာ လျာထား ၆၇၄၃ ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)