ကလော စက်တင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ဇောတိစံပြကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီက ဇောတိမာန်ငွေစုငွေချေးသမဝါယမအသင်း(လီမီတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဇောတိမာန်ငွေစုငွေချေးသမဝါယမအသင်း(လီမီတက်) သဘာပတိ ဦးဝင်းထွဋ်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးနှင့် အသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းတို့က အသင်း၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အသင်း၏တာဝန်ရှိသူများက ဇောတိမာန်ငွေစုငွေချေးသမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့သည်။ ဆက်လက်၍ သဘာပတိ ဦးဝင်းထွဋ်က အသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက်အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းတို့အပေါ် အသင်းသားများ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေငြာခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)