မူဆယ် စက်တင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ စွမ်စော်အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မူဆယ်ခရိုင် ဥပဒေအရာရှိ ဦးဆန်းထွဋ်က ကျောင်းသား/သူများ အခြေခံဉပဒေရေးရာများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။ ကျောင်းသား /သူများက ဥပဒေရေးရာသိရှိလိုသည့် အကြောင်းအရာများကို မေးခွန်းများမေးမြန်းကြရာ ခရိုင်ဥပဒေအရာရှိက အသေးစိတ် ဖြေကြားပေးခဲ့သည်။ ဆက်လက်ပြီး မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာန ဒေါ်နောပလဲစင်က မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)