ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “ ဘဝပန်းတိုင် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း စက်တင်ဘာ ၂၆

ဧရာဝတီတိုင်း​​ဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “ဘဝပန်းတိုင်” စာအုပ် ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယမှူး ဒေါ်မေသဉ္ဇာနှင်းက စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး Women Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသော “ဘဝပန်းတိုင်” စာအုပ်ပါအကြောင်းအရာများအား အ​​ပြန်အလှန် ဝိုင်းဝန်းမေး​မြန်းဆွေးနွေးကြသည်။

 ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် လစဉ်ရုံးချုပ်မှပေးပို့သည့် စာအုပ်ကောင်းများကိုပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် စာဖတ်ပရိတ်သတ်သိရှိအောင် တင်ဆက်ပေးခြင်း၊ စာဖတ်ဝိုင်းများပြုလုပ်ခြင်း၊ မျိုးဆက်သစ်လူငယ်များ ဗဟုသုတကြွယ်ဝလာစေရန် ကဗျာရွက်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်/ပန်းချီပြိုင်ပွဲ၊ အရုပ်ဆက်/ ပဟေဠိပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် ကလေးစာဖတ်ခန်းတို့တွင့် ပြုလုပ်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း

ကြံခင်း (ပြန်/ဆက်)