စေတုတ္တရာမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အကြိုအထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာအလွတ်‌ရေးပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အခြေခံပညာဦးစီးဌာန စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အကြိုစာစီစာကုံးနှင့် ကဗျာအလွတ်‌ရေးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် ဆောင်ရွက်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် စာရင်းစစ်၊ စာရင်းကောက် ဆရာ/ဆရာမများတွေ့ဆုံ၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ် အ.ထ.က (ခွဲ)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁၃း၃၀) နာရီအချိန်က အ.ထ.က ( ခွဲ ) ညောင်လေးပင် ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး (ပထမအကြိမ်) အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနိုင်ရေး(ပထမအကြိမ်) အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

စေတုတ္တရာမြို့နယ်၌ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများဗလငါးတန်ဖြင့် ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဖအိုင်း)တွင် ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အကြိုစာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မိုင်းခုတ်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့ပဒုမ္မာစာရီစာသင်တိုက်တွင် ဘုရား၊ ရဟန္တာများ၏ဓာတ်တော်၊ မွေတော်များပင့်ဆောင်ပူဇော်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ပင်လုံမြို့၊ ပဒုမ္မာစာရီစာသင်တိုက်တွင် ဘုရားရဟန္တာများ၏ ဓာတ်တော်၊ မွေတော်၊ အံပွားတော်များ ပင့်ဆောင်ပူဇော်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာသင်တိုက်တွင်ကျင်းပပြုလုပ်ရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်ကြည်ညိုဖူးမြော်ပါသည်။

မင်္ဂလာဒုံမြို့နယ်၌ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်တွင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ထောက်ကြန့်သပြေညိုခန်းမ၌ ကျင်းပသည်။

သာကေတမြို့နယ်တွင် ကမ္ဘာ့ဆရာများ‌နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ​ထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပကြောင်းသိရသည်။
Subscribe to