ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များ ဆရာများ၏ ဂုဏ်ကျေးဇူးကိုသိတတ်နားလည်သောအားဖြင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာများအပေါ် အစဉ်လေးစားတန်ဖိုး ထားလာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။