သာကေတမြို့နယ်တွင် ကမ္ဘာ့ဆရာများ‌နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်

သာကေတ စက်တင်ဘာ ၈

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ​ထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပကြောင်းသိရသည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် "ပညာဥယျာဉ်မှူး" အလယ်တန်းအဆင့် "ဆရာမပြနည်းမကျ" ကဗျာပြိုင်ပွဲတွင် အထက်တန်းဆင့်" ကြယ်ဓူဝံပမာ မြတ်ဆရာ " အလယ်တန်းဆင့်" ဆရာသခင်ကျေးဇူးရှင် " ခေါင်းစဉ်တို့နှင့်ယှဥ်ပြိုင်ရမည် ဖြစ်သည်။

ထိုသို့ယှဉ်ပြိုင်ကြရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "ပညာဥယျာဉ်မှူး” ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၆)ဦး "ဆရာမပြ နည်းမကျ" ခေါင်းစဉ်ဖြင့် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အ‌‌ခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၇၃)ဦး၊ ကဗျာပြိုင်ပွဲတွင် "ကြယ်ဓူဝံပမာ မြတ်ဆရာ" ခေါင်းစဉ်ဖြင့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦး၊ "ဆရာသခင် ကျေးဇူးရှင်" ခေါင်းစဉ်ဖြင့် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး စုစုပေါင်း(၁၄၂)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သတင်းရရှိသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)