ကန်ကြီးထောင့် စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် စာရင်းစစ်၊ စာရင်းကောက် ဆရာ/ဆရာမများတွေ့ဆုံ၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲနိုင်လွင်နှင့် အတွင်းရေးမှူး ရဲမှူးစိုးကြည်တို့က သန်းခေါင်စာရင်းကောက်ယူရာ၌ လုံခြုံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်ဆွေက သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပြီး သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်တင်မေသန်းက သန်းခေါင်စာရင်းသင်တန်းဆိုင်ရာ စည်းမျဉ်းစဉ်းကမ်းမျာအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများက စာရင်းကောက်ယူရာတွင် အသုံးပြုမည့်ပစ္စည်းများအား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)