ရေတာရှည်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး စစ်​တောင်းမြစ်​ရေမြင့်တက်လာမှုကြောင့် ချောင်းဘေးရှိကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ရေတာရှည် စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ချောင်းဘေးရှိကျေးရွာများအတွင်း ရေများဝင်ရောက်ကာ ပိတ်မိနေသည့်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်ရေတာ ရှည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရေတာရှည်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းထက်နိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် () နာရီ အချိန်က ရေတာရှည်မြို့နယ်၊ သာဂရ ကျေးရွာအုပ်စု၊ လက်ပံခုံကျေးရွာရှိ ရေနစ်မြုပ်လျက်ရှိသည့် အိမ်ထောင်စု (၁၀) စု၊ လူဦးရေကျား () (၁၅) ဦး ဒုက္ခသည်များအား သွားရောက်ခေါ်ဆောင်ခဲ့ပြီး သားတော်ရဓမ္မာရုံသို့ ပို့ဆောင်ခဲ့ပါကြောင်းနှင့် ယနေ့မနက် () အချိန်တွင် စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြို့လှမြို့၊ အမှတ် (၅)၊ မြို့ဆိုးရပ်ကွက် စစ်တောင်းမြစ်ကမ်းတာဘောင်ကျိုးသွားသဖြင့် ရေဝင်ရောက်လာကာ မြို့ဆိုးရပ်ကွက်ရှိ အိမ်ထောင်စုများအား မြို့လှမြို့၊ ကျွန်းတောကျောင်းတိုက်ရှိ၊ စန္ဒသူရိယသမာဓိအဆောင်သို့ ရွှေ့ပြောင်းထားရှိကြောင်း ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ယာယီနေထိုင်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)