တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အောင်လံမြို့ ခရိုင်စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ (စိန်ကုန်း) အခြေခံပညာမူလတန်း‌ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းသာသနိကအဆောက်အအုံများနှင့် လမ်းများ၊ ရေကျော်များ ပျက်စီးမှုရှိ/မရှိနှင့် ရှေးဟောင်းရေကန်များ ရေဝင်ရောက်မှု ကြည့်ရှုစစ်ဆေး

ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့်လမ်းများ၊ ရေကျော်များ ပျက်စီးမှုရှိမရှိနှင့် ရှေးဟောင်းရေကန်များ ရေဝင်ရောက်မှု အခြေအနေကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီး လင်းကို၊ အမှတ်(၇၃) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်း၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ် (အ.ထ.က) ဇင်းကျိုက်ကျောင်း၌ ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် (အ.ထ.က) ဇင်းကျိုက်‌ကျောင်း၌ ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယ‌မန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သဘာဝဘေးလျော့ပါးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

မူဆယ်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ အ.ထ.က (၁)ကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ပြိုလဲကျပြီး လမ်းပိတ်ဆို့နေမှုအား ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး ပွင့်ဖြူ-မင်းဘူးသွား ကားလမ်းမပေါ်သို့ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်းသိရ၍ ယနေ့နံနက် ၆ နာရီ အချိန်ခန့်က ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် သွားရောက်ခုတ်ထွင် ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
Subscribe to