နတ်မောက်မြို့နယ်ရှိ တောင်သူများသည် နှံစားပြောင်းများကို ခြွေလှေ့စက်ဖြင့် အစေ့ထုတ်လျက်ရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကျွဲ၊ နွားစာနှံစားပြောင်း၊ နေကြာနှင့် ကုလားပဲသီးနှံများ စိုက်ပျိုးထားရှိရှိရာ နှံစားပြောင်းများ ရိတ်သိမ်းကြပြီး ခြွေလှေ့လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ပျိုးဘောင်ဖြင့် ပျိုးထောင်ပုံအဆင့်ဆင့်နှင့် ဆားရည်စိမ်၍မျိုးစပါးသန့်စင်ခြင်း လုပ်ငန်းအဆင့်ဆင့် သရုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်၊ နှပ်တန်းလမ်းရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဂိုဒေါင်ဝန်းတွင် ယမန်နေ့ နံနက်ပိုင်းက လက်ဆွဲကောက်စိုက်စက်ဖြင့် ဗီယက်နမ်ရက် (၉၀) စပါးမျိုး စိုက်ပျိုးရန်ပျိုးဘောင်ဖြင့် ပျိုးထောင်ပုံအဆင့်ဆင့်နှင့် ဆားရည်စိမ်၍ မျိုးစပါးသန့်စင်ခြင်း လုပ်ငန်းအဆင့်ဆင့် သရုပ်ပြပွဲကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ် မေတ္တာရင်ခွင်ပရဟိတအသင်းက ကျေးရွာရှိ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်ပရဟိတအသင်းက ကျေးရွာရှိ အထက်တန်းနှင့် အလယ်တန်းအဆင့် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာဆည်းပူးသင်ကြားနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ မြင့်မားလာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

နာဂဒေသဦးစီးအဖွဲ့ရုံးအစည်းအ‌ဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ယနေ့ (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ပါသည်။

ခိုလမ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။

မိုးညိုမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် (၇) နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၈:၃၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု‌လျှော့ချရေး ငှက်ပျောဖက်များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလပ်စတစ်အိတ်လျော့ချသုံးစွဲစေရန်ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေးအသိပညာပေးခြင်းကို ယနေ့နံနက် (၈) နာရီက ဆောင်ရွက်ခဲ့သည်။
Subscribe to