ကျိုက်မရော၌ နွား မေထုန်မဲ့သားစပ်သင်တန်း ( ၅/၂၀၂၄)ဖွင့်လှစ်

ကျိုက်မရော  စက်တင်ဘာ  ၁၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နွား မေထုန်မဲ့သားစပ်သင်တန်းအမှတ်စဥ် (၅/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသင်တန်းခန်းမ၌ ပြုလုပ်သည်။

သင်တန်းဖွင်ပွဲအခမ်းအနားတွင်  မွန်ပြည်နယ်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုပြည်နယ်မှူး ဒေါက်တာတင်ဌေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ပြောကြားရာ တစ်ပိုင်တစ်နိုင်စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ထွန်းကားလာစေရန်နှင့် တိရိစ္ဆာန်မျိုးကောင်းမျိုးသန့်များတိုးပွားစေရေးအတွက် မေထုန်မဲ့သားစပ်ခြင်းနည်းပညာဖြင့် မျိုးမြှင့်တင်သားစပ်ခြင်းလုပ်ငန်းများကို  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၀)ရွာ မှ သင်တန်းသား (၁၀)ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ (၁၂) ရက်မှ  (၁၆) ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး  ဒေါက်တာအောင်စိုးလင်းထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)