ပခုက္ကူမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန်လက်မ စံချိန်သစ်တင်ရောက်ရှိ

ပခုက္ကူ စက်တင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် စက်တင်ဘာလ (၁၀) ရက်ညမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးရေချိန်လက်မ စံချိန်သစ်တင်ရောက်ရှိလျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပခုက္ကူခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးရေချိန်တိုင်းထွာချက်အရ စက်တင်ဘာလ (၁၂) ရက်တွင် မိုးရေချိန်လက်မ (၉) ဒသမ (၂၂) လက်မ(၂၃၇ မီလီမီတာ)ရှိပြီး ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့တွင် စံချိန်တင်ရှိခဲ့သည့် (၅) ဒသမ (၃၅) လက်မ(၁၃၆ မီလီမီတာ)ထက် (၃) ဒသမ (၉၈) လက်မ (၁၀၁ မီလီမီတာ)အထိ စံချိန်သစ်တင်ကျော်လွန်ရောက်ရှိခဲ့ကြောင်း၊ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပခုက္ကူမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များ၊ လမ်းများ၊ ရေနုတ်မြောင်းများနှင့် ကျေးရွာများ အချို့တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)