တန့်ယန်းမြို့နယ်တွင် ပိုးစာပင်စိုက်ပျိုးရေးလုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းတို့အား ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေး

တန့်ယန်း ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် မိုင်းကျိုင်ကျေးရွာအုပ်စု ကွန်နင်ရွာရှိ ပိုးစာပင်စိုက်ပျိုးရေးလုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ ဌာနဆိုင်ရာများသည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ မိုင်းကျိုင်ကျေးရွာအုပ်စု ကွန်နင်ကျေးရွာရှိ တောင်သူ ဦးစိုင်းကျော်နီ၏ ပိုးစာပင်စိုက်ပျိုးရေး လုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှစိုးဝင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာပြည့်ဖြိုးအောင်တို့ လိုက်ပါလျှက် ပိုးစာပင် စိုက်ပျိုးထားမှုအခြေအနေများ၊ ပိုးမွေးမြူရေးအလုပ်ရုံအတွင်း ပိုးကောင်များ မွေးမြူထားမှုအခြေအနေများအား ကြည့်ရှု၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဦးစိုင်းကျော်နီတို့က ရှင်းလင်းတင်ပြခဲ့ သည်။

ဧက (၆၀)ရှိ တောင်သူ ဦးစိုင်းကျော်နီ၏ ပိုးစာပင်စိုက်ပျိုးရေးလုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းအား ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်စိုက်ပျိုးလုပ်ကိုင်ခဲ့၍ တစ်နှစ်လျှင် မတ်လကုန်လောက်မှ အောက်တိုဘာလအထိ လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ နှစ်စဉ် မိသားစုဝင်ငွေရရှိပြီး တန့်ယန်းမြို့နယ်တွင် ယခုအခါ စိုက်ဧက (၃၂၀)ခန့် ရှိလာရာ နှစ်စဉ်ဝင်ငွေရရသည့်အတွက်ကြောင့် တွက်ခြေကိုက်သည့် လုပ်ငန်းဖြစ်၍ တိုးချဲ့စိုက်ပျိုးသင့်သော လုပ်ငန်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မင်းလွင်ဦး(တန့်ယန်း)