ဗိုလ်တထောင်မြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉နာရီခွဲအချိန်က ကျောင်းသား၊ကျောင်းသူများအား ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဥ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။