အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က အုန်းနှဲကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ဆောင်းနေကြာ ၁၂၅၄ ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နေရာဒေသအလိုက် ဆောင်းနေကြာသီးနှံများ စိုက်ပျိုးလျက်ရှိရာ ဇန်နဝါရီလကုန်အထိ ၁၂၅၄ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

သရက်မြို့နယ်တွင် ပုံစံ(၁၅)ဖြင့် တောင်းဆိုသော ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ် ပြင်ပရောက်မဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲများ မဲပုံးအတွင်း ထိန်းသိမ်းထားရှိ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် ၁၁ နာရီအချိန်တွင် ပုံစံ(၁၅)ဖြင့် တောင်းဆိုသော ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများအား စစ်ဆေးခြင်း၊ မှတ်တမ်းများ ရေးသွင်းထားရှိပြီး မဲပုံးအတွင်းထည့်သွင်းထိန်းသိမ်းကို ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့မှ ဆယ်အိမ်စုမှူး သင်တန်းဖွင့်လှစ်ပို့ချ

မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ဆယ်အိမ်စုမှူးသင်တန်းကို ယ‌မန်နေ့နံနက်ပိုင်းက မကွေးမြို့ စုပေါင်းရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဌာနပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဖူဆယ်ဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြှင့်မားစေရန်၊ ဌာနအချင်းချင်းရင်းနှီးမှုစေရန် ရည်ရွယ်၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဌာနပေါင်းစုံ ဖူ‌ဆယ်ဘောလုံးပြိုင်ပွဲကို ရွှေကျွန်းမြေမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ နည်းပညာတက္ကသိုလ် (တောင်ငူ)၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ကျင်းပရာ နည်းပညာတက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ကြသည်။

လဲချားမြို့နယ်တွင် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနိုင်ရေးလုပ်ငန်းများ ဆွေးနွေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက်(၁၁)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးနှင့် ကြိုတင်မဲကိစ္စအရပ်ရပ်များနှင့်ပတ်သက်သည့်လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

မူဆယ်မြို့တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်/မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ် မြို့မဈေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြ လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် မြို့မဈေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့ဈေးကြီး၌ ပြုလုပ်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၁၇၇၇၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၁၇၇၇၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to