စလင်း စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိုု့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက် ယူရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံ အားကစားခန်းမဆောင်အတွင်း၌ ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဦးစီးမှူး ဦးဝင်းမြတ်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမိုးဝေယံမြင့်၊ အဖွဲ့ဝင် ဦးဝင်းမြတ်၊ ဦးစိန်လင်း၊ အတွင်းရေးမှူး ရဲမှူးအောင်သူ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးတို့က သင်တန်းနည်းပြဆရာ၊ ဆရာမများထံ စာရင်းစစ်၊ စာရင်းကောက် ယူနိုင်ရေးအတွက် ခန့်အပ်လွှာများကို ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲကို မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ပရဟိတအဖွဲ့များစုပေါင်း၍ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းဖွင့်ပွဲသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ပရဟိတအဖွဲ့များ တက်ရောက်ခဲ့ရာ သင်တန်းကို နည်းပြဆရာ၊ ဆရာမ (၆) ဦးတို့ဖြင့် သင်ကြားပို့ချမည်ဖြစ်ပြီး၊ သင်တန်းသား၊ သင်တန်းသူ စာရင်းစစ် (၂၂) ဦး၊ စာရင်းကောက် (၈၄) ဦး၊ တို့အားစက်တင်ဘာ (၁၇) ရက်နေ့မှ၊ စက်တင်ဘာ (၂၈) နေ့အထိ၊ သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စုစုပေါင်းအင်အား (၁၈၅) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
(မောင်လွင်)စလင်း