ဘုတ်ပြင်းမြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန် ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်လဆန်းပိုင်းတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့၌ အပူဒဏ်အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများတိုးပွားစေရန် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့မရပ်ကွက်ဘုန်းတော်ကြီးကျောင်းရှိ အပူရှောင်စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့် ယိမ်းအကအလှ (၁၂)ယိမ်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ - ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင်  လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ ယိမ်းအကအလှ(၁၂)ယိမ်းတို့ဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မြက်နှာစာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။

မိုင်းယောင်းမြို့နယ်၌ ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်ကြောင်း သိရသည်။

မင်းဘူးမြို့၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်း ကမ္ဘာ့အပူဆုံးမြို့များ စာရင်းတွင် အဆင့်(၁) ဝင်ရောက်ခဲ့သည့်အတွက် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်အရ မိမိတို့နေအိမ်များ၌ နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကို တိမ်းရှောင်ရန် လိုအပ်မည့်သူများနှင့် သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက်နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး  ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး အသိပေးဟောပြော

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မန္တလေးငလျင်ကြီး (၁)နှစ်ပြည့်အဖြစ် ငလျင်ဘေးအန္တရာယ်ဆိုင်ရာကာကွယ်ရေး အသိပေးဟောပြောကို ယမန်နေ့က ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ကျင်းပသည်။

ချောက်မြို့နယ် အပူရှောင်စခန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ထိခိုက်လွယ်သူများ (သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ)အပူရှောင်နိုင်​ရေး၊ အပူဒဏ်မှ ကာကွယ်နိုင်ရေးအတွက် အမှတ်(၁၁)ရပ်ကွက် ​မြို့လယ်သာသနာ့ဗိမာန်တွင် အပူရှောင်စခန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က ယ‌မန်နေ့နံနက် ၉ နာရီအချိန် ကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်တွင် မွေးစမှအသက်ငါးနှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ(၁)ရက်နေ့ နံနက်(၈)နာရီမှစတင်၍ မွေးစမှအသက်ငါးနှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ဂန့်ဂေါခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပြုလုပ်ပေးလျက်ရှိသည်။

ဆီဆိုင်မြို့တွင် ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မန္တလေးငလျင်ကြီးတစ်နှစ်ပြည့် ငလျင်ဘေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့မဈေး၌ ပြုလုပ်ခဲ့သည်။

မိုင်းနောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to