ကျောက်ဆည်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးသရုပ်ပြသခြင်းနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ပတ္တာကျေးရွာ ကွင်းအမှတ်(၂၀၉-ခ)၊ ဦးပိုင်အမှတ်(၂၆)၊ တောင်သူဦးခင်မောင်အေး၏ စိုက်ကွင်းတွင် ယနေ့နံနက်ပိုင်းက ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးသရုပ်ပြသခြင်းနှင့် သွင်းအားစုဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နဲ့အခွင့်အလမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် ပြပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသော “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်ဖြင့် ပြည်ကြီးတံခွန် မြို့နယ်၊ မူလွန် (၂၀)ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့်ပြပွဲများ ပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ ပူးပေါင်း၍ မြင်းခြံကျော်အောင်(ခ) သန်းထက်စံ၏ “ငါသူဌေး ဖြစ်မဲ့လူလား”စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီမှစတင်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ် ကျန်းမာရေးဌာန၌ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမရှိ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများအား စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှု

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/သူများ လူငယ်လူရွယ်များနှင့်ကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

မောက်မယ်မြို့နယ်၌ နွေရာသီပန်းချီသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စိတ်ကူးစိတ်သန်းများထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပညာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် နွေရာသီပန်းချီသင်တန်းကို ဧပြီ ၁ ရက်နေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (စျေးတန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

မိုးနဲမြို့နယ်၌ ဒေသတွင်းနွားမျိုးကောင်းမျိုးသန့် ပြန့်ပွားစေရေး မေထုံမဲ့သားစပ်နည်းဖြင့် ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းမွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် နွားမျိုးကောင်း မျိုးသန့်များ ပြန့်ပွားစေရေးအတွက် မေထုံမဲ့သားစပ်နည်းဖြင့် ဒေသနွားမျိုးများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ (၁၀၃)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၁၀၃)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ဧပြီ ၁ရက်နေ့ နံနက်(၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

သာစည်မြို့နယ် စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းစျေး၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၏ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းစျေး၊  ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဧပြီ ၁ ရက်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။
Subscribe to